တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ကြားကာလ တက္ကသိုလ်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ စီအီးစီအဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်က အပူတပြင်း လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။
ဧပြီ ၂၄ ရက်က ကျောင်းသားသမဂ္ဂရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် Admin ဆိုပြီး ကျောင်းသားငယ်တစ်ယောက်ကို စစ်တပ်က မတရားဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ ၂၇ ရက် ညကလည်း သမဂ္ဂ စီအီးစီနှစ်ယောက်ရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေပြီး မတွေ့ရတဲ့အတွက် တစ်ယောက်ရဲ့ ဖခင်ဖြစ်သူကို လက်နက်ကိုင်တပ်တွေက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။