အမတ်များကို ဒုဝန်ကြီးအဆင့် လစာပေးရန် ဥပဒေကြမ်းတွင် တင်သွင်း
DVB
·
November 6, 2013
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ “ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ ” ကို
တင်သွင်းခဲ့ပါတယ်။
အဓိကကတော့ ပုဒ်မ ၁၄ ပါ ၀င်ငွေခွန် ကောက်ခံတာကို ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းကော်မတီက လစာ သတ်မှတ်ချက်တွေကိုပါ ပြင်ဆင်လိုက်ပြီး နဂိုက ပြည်ထောင်စုအဆင့် အမတ်တဦး ၁ လ ကျပ် ၃ သိန်း လစာ သတ်မှတ်ထားရာကနေ ဒုဝန်ကြီးရဲ့ လစာနဲ့ ညီမျှတဲ့ ၁ လ ကျပ် ၆ သိန်းပေးဖို့ အချက်ကို ဖြည့်စွက်ပြီး လွှတ်တော်မှာ
တင်ပြလိုက်ပါတယ်။
ဒီ ဥပဒေကြမ်းပါ အချက်ကို လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့် အမတ်တွေဟာ အစိုးရအဖွဲ့ ဒုဝန်ကြီးတွေနဲ့ တန်းတူ ၁ လ ကျပ် ၆ သိန်း ရရှိတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမတ်တွေဟာ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ် ဟုတ်မဟုတ် အကြီးအကျယ် အငြင်းပွားမှု ဖြစ်ခဲ့ဖူးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး တဖွဲ့လုံး နုတ်ထွက်သွားခဲ့ပါတယ်။