ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အထွက် ကြာကြီးကွင်းကျေးရွာအနီးရှိ တဝက်ချောင်းတံတားညီနောင် ဧပြီ ၂၇ ရက် ည ၁၁ နာရီခွဲလောက်က မိုင်းခွဲခံခဲ့ရလို့ ပျက်စီးသွားပါတယ်။
မိုင်းခွဲခံရမှုကြောင့် တဝက်ချောင်းသံလမ်းတံတား အတော်ပျက်စီးသွားခဲ့ပြီး တဝက်ချောင်းကားလမ်းတံတားလည်း ပျက်စီးမှု ရှိခဲ့ပါတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်ရှိ တဝက်ချောင်းကားလမ်းတံတားမှာ ကားကြီးတွေ ဖြတ်သန်းသွားလာ နေပေမယ် ကားကြီးဖြတ်သန်းသွားချိန် တံတားအောက် အင်္ဂတေတွေ ပြိုကျတာတွေ ရှိနေတဲ့အတွက် တဖြည်းဖြည်း ပေါက်ကျပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်
တဝက်ချောင်းသံလမ်းတံတားက မြစ်ကြီးနားနဲ့ မန္တလေးမြို့ ဆက်သွယ်ထားတဲ့ ရထားလမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။
ဟိုပင်မြို့မှာ ဧပြီ ၂၇ ရက် ညပိုင်းမှ ဧပြီ ၂၈ ရက် မနက် ၁နာရီကျော်ထိ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
Photo - Kyaw Swar