Home
မြန်မာသတင်း
KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ
DVB
·
April 27, 2021
179479074_2815871878666291_1177522297199659287_n
177447584_2815871855332960_6333280297343544246_n
176747337_2815871908666288_8690717785273187432_n

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးလာကြဲနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနယ်စပ်က စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၇ ရက်နေ့ မနက်ပိုင်းမှာပဲ KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် အခုလို လာရောက်ဗုံးကြဲတာဖြစ်နိုင်တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ဒီဗွီဘီကိုပြောပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် လူထိခိုက်မှု ရှိ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ မြို့ပေါ်တွေမှာ လူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ၊ ပြည်တွင်းစစ်မှာ လေယာဉ်အသုံးပြုပြီး ကျေးရွာတွေဘက် ရမ်းသမ်းပစ်ခတ်တာတွေကို မလုပ်ဖို့ နိုင်ငံတကာအနေနဲ့ တားဆီးပိတ်ပင်ပေးဖို့ ပဒိုမန်းမန်းက တောင်းဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖက်ဒရယ်အရေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကူအညီအထောက်အပံ့တွေပေးဖို့ လိုမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024