သမ္မတနှင့် ၀န်ကြီးများ လစာလျော့ချမှု ပါဝင်သည့် ဥပဒေကြမ်း လွှတ်တော်တင်

သမ္မတနဲ့ ၀န်ကြီးတွေကို အရင် စစ်အစိုးရက ပြဋ္ဌာန်းပေးထားတဲ့ လစာထက် လျော့ချ တ်မှတ်တာ ပါဝင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာလင်းအောင်က “ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တင်သွင်းစဉ် ဥပဒေကြမ်းကော်မတီက သမ္မတနဲ့ ၀န်ကြီးတွေရဲ့ လစာ လျော့ချတဲ့အချက်တွေကို ဖြည့်စွက် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရခေတ်က ပြဋ္ဌာန်းပေးခဲ့တဲ့ နဂို ဥပဒေထဲမှာ လစာအနေနဲ့ သမ္မတက ၁ လ ကျပ် သိန်း ၅၀၊ ဒုသမ္မတတွေက ၁ လကို ကျပ် သိန်း ၄၀၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ တရားသူကြီးချုပ်တွေက ၁ လကို ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ယောက် နဲ့ အဆင့်တူတွေကို ၁ လကို ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လကို ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။ အခု အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီက ပြင်ဆင်လိုတယ်ဆိုပြီး ဖြည့်စွက် ထားချက်မှာတော့ သမ္မတဟာ ၁ လ ကျပ် ၁၅ သိန်း ၊ ဒုသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တရားသူကြီးချုပ်တွေက ၁ လ ကျပ် ၁၂ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ဦးနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၈ သိန်း၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၆ သိန်း ပေးသင့်တယ်လို့ ဖြည့်စွက်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up