ကံပေါက်ဒေသတွင် စစ်အာဏာရှင်ကို ၇၆ ရက်မြောက် ဆက်လက်ဆန္ဒပြ
DVB
·
April 24, 2021
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်အာဏာရှင်ကို ၇၆ ရက်မြောက်သပိတ်စစ်ကြောင်းနဲ့ ဒီကနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ အင်အား ၇၀ လောက်ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ထောက်ခံကြိုဆိုခဲ့ကြပါတယ်။