Saturday, June 10, 2023
HomeLead Storyကလေးမြို့ ဆန္ဒပြပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

ကလေးမြို့ ဆန္ဒပြပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့၊စမ်းမြို့ရပ်ကွက်မှာ အကြမ်ဖက်စစ်တပ်နဲ့ရဲတွေက စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြပွဲပါဝင်သူ လေးယောက်ကို ဧပြီ ၂၁ ရက်က ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ခံ တွေက ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီအချိန် စမ်းမြို့ရပ်ကွက်နေအိမ်တွေမှာ အကြမ်းဖက် စစ်တပ်နဲ့ရဲတွေ က အင်အားအများအပြားနဲ့ လာရောက် ဖမ်းဆီးသွားတယ်” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

အကြမ်းဖက် စစ်တပ်နဲ့ရဲတွေက ဆန္ဒပြရာမှာ ပါဝင်သူတွေနဲ့ပတ်သက်ပြီး  ရပ်ကွက်နေအိမ် တွေကို ရှာဖွေခဲ့တာပါ။

ကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ ၂၈ ဦး ထိရှိလာပြီဖြစ်ပေမဲ့ အာဏာရှင်ဖြုတ်ချနိုင်ဖို့ နေ့စဉ်ဆက်လက်ဆန္ဒပြနေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular