သမ္မတဟောင်း မော်စီကို ရုံးတင်၊ လုံခြုံရေး တင်းကျပ်

အီဂျစ်မှာ ရာထူးကနေ ဖြုတ်ချခံထားရတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီကို ဒီနေ့ စတင် ရုံးတင်တော့မှာမို့ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။ [caption id="attachment_45895" align="alignright" width="300" caption="မိုဟာမက် မော်စီ "][/caption] ကိုင်ရိုမြို့က စစ်ခုံရုံးတခုမှာ မော်စီနဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့က ခေါင်းဆောင် ၁၄ ယောက်ကို ရုံးတင်မှာ ဖြစ်ပါတယ်။ သူတို့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း သမ္မတအိမ်တော်ရှေ့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဆန္ဒပြသမားတွေ သေဆုံးမှုနဲ့ စွဲချက်တင်ထားပါတယ်။ အခု မော်စီကို ရုံးတင်မယ့် ကိုင်ရိုမြို့ပြင်က ရဲအကယ်ဒမီဟာ အီဂျစ် အာဏာရှင်ဟောင်း ဟိုစနီ မူဘာရတ်ကို ခုံရုံးတင်နေတဲ့ နေရာဖြစ်ပါတယ်။ တရားခွင်ကို တိုက်ရိုက် ပြသမှာမဟုတ်သလို၊ သတင်းသမားတွေကိုလည်း သတင်းယူခွင့် မပြုဘူးလို့ ကိုင်ရို အယူခံတရားရုံးက နိုဝင်ဘာ ၃ ရက်နေ့က ကြေညာထားပါတယ်။ မော်စီရဲ့ မိသားစုကတော့ တရားခွင်ကို အသိအမှတ် မပြုတဲ့အတွက် တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်း ကိုင်ရို၊ အလက်ဇန်ဒရီးယားနဲ့ မြို့ငယ်တချို့မှာ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ကို ထောက်ခံသူတွေဟာ တရားခွင်ကို ကန့်ကွက်တဲ့အနေနဲ့  ဆန္ဒပြခဲ့ကြပါတယ်။ မော်စီဟာ မူဘာရတ်အလွန် ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရပြီး သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့နောက် ဇူလိုင်လတုန်းက စစ်တပ်က သူကို သမ္မတရာထူးကနေ ဖြုတ်ချခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မော်စီကို လျှို့ဝှက်နေရာမှာ ထိန်းသိမ်းထားပြီး သူ့ကို ထောက်ခံတဲ့ အစ္စလာမစ်တွေရဲ့ ဆန္ဒပြပွဲတွေ ကိုင်ရိုနဲ့ မြို့တချို့မှာ သမ္မတဟောင်းကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေကို စစ်တပ်က လူစုခွဲတဲ့အခါ လူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ သမ္မတဟောင်း မော်စီကို စွပ်စွဲထားတဲ့ ပြစ်ဒဏ်ဟာ ပြစ်မှုထင်ရှားရင် သေဒဏ် ဒါမှမဟုတ် တသက်တကျွန်း ကျခံနိုင်ရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up