Friday, June 9, 2023
HomeLead Storyစဉ့်ကူးမြို့နယ်၊ နွယ်ရုံအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊ စစ်ကောင်စီတပ်များက ပြည်သူများကို လိုက်လံဖမ်းဆီး

စဉ့်ကူးမြို့နယ်၊ နွယ်ရုံအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်၊ စစ်ကောင်စီတပ်များက ပြည်သူများကို လိုက်လံဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဧပြီလ ၂၀ ရက်နေ့ မနက် ၄ နာရီလောက်က  မီးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်ကားနဲ့ စစ်ကားတွေရောက်လာပြီး မီးငြှိမ်းသတ်ခဲ့ ကြောင်းနဲ့ စစ်ကောင်စီခန့်ထားတဲ့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်စိုးကတော့ ရွာထဲပတ်ပြီးဆဲဆို နေတယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်ဟာ ညမထွက်ရအမိန့် ကာဖျူးထုတ်ထားတဲ့ မြို့နယ်ဖြစ်တာကြောင့် ပြည်သူတွေကတော့အပြင်မထွက်ရဲခဲ့ဘူးလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် ကံတောင်ကျေးရွာ ကျည်တောက်ပေါက်ကျေးရွာနဲ့ နွယ်ရုံ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ သူတို့ သံသယရှိတဲ့ သူတွေအိမ်ကို တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

သံသယရှိသူတွေကို မတွေ့ရပါက သံသယဝင်ခံရသူတွေရဲ့ မိဘတွေကို ဖမ်းဆီးခေါ်ဆောင်သွားသလို အပြစ်မဲ့ ပြည်သူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

နွယ်ရုံကျေးရွာအုပ်စုအတွင်းမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို မတ် ၁၅ ရက်နေ့မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့သလို အခုအချိန်အထိ တပ်စွဲထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ ညတိုင်း လှည့်လည်သွားလာနေပြီး ညစဉ် သေနတ် ၅ ချက်လောက်  ပစ်ဖောက်လေ့ရှိတယ်လို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ မတ်လအတွင်းက စပြီး အင်တာနက်တွေ ဖြတ်တောက်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular