Home
မြန်မာသတင်း
ဖမ်းဆီးခံရသူများလွတ်မြောက်ရေး အပြာရောင်ဝတ်စုံ Blue Shirt ကမ်းပိန်းပါဝင်ကြရန် နှိုးဆော်
DVB
·
April 20, 2021

ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးလှုပ်ရှားမှုအနေနဲ့  အပြာရောင်ဝတ်စုံ Blue Shirt ကမ်းပိန်းကို ဧပြီ ၂၁ ရက်မှာ အားလုံး ပါဝင်ပြုလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဉ္စာမောင်အပါအဝင် ထင်ရှား ကျော်ကြားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကနေ အွန်လိုင်းကနေ တိုက်တွန်းပါတယ်။ 

ဒီလှုပ်ရှားမှုမှာ တီရှပ်အပြာကိုဝတ်၊ လက်ဖဝါးမှာ အဖမ်းခံရသူ တစ်ဦး နာမည်ကို ရေးကာ ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံရိုက်တင်ပြီး စစ်အာဏာရှင်လက်အောက် မတရားအကျဉ်းချခံရသူများ အားလုံးကို လွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုပေးကြမှာ ဖြစ်ပါတယ်။ 

ဧပြီလ ၂၁ ရက်နေ့ဟာ စစ်အုပ်စုရဲ့ ထောင်ဒဏ်နှစ်ရှည်အကျဉ်းချ နှိပ်စက်တာကိုခံခဲ့ရတဲ့  သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။  ဟံသာဝတီ ဦးဝင်းတင်ဟာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ကွယ်လွန်သည်အထိ အပြာရောင် အကျဉ်းထောင်ဝတ်စုံကို အစဉ်တစိုက်ဝတ်ဆင်ပြီး စစ်အုပ်စုကို ဆန့်ကျင်သွားခဲ့သူ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု ၂ လ ကျော်အတွင်းမှာ ကျောင်းသားလူငယ်တွေ၊ သတင်းထောက်တွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ပြည်သူလူထု ၃၀၀၀ ကျော် မတရားဖမ်းဆီး ထိန်းသိမ်း ခံထားရတာပါ။

ဒါ့အပြင် အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေကိုလည်း စစ်ကောင်စီက မတရားတဲ့ ပုဒ်မတွေနဲ့ နေ့စဉ် ဖမ်းဝရမ်းတွေ ထုတ်ပြန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024