မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ သပိတ်ခေါင်းဆောင်ဦးစိုးမြင့်ရဲ့ နေအိမ်ကို ဧပြီ ၂၀ ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ပြီး ပစ္စည်းတွေကို ဖျက်စီးသွားပါတယ်။
သပိတ်ခေါင်းဆောင်နဲ့ သူ့ရဲ့မိသားစုဟာ အဝေးမှာရှောင်နေပြီး အိမ်တံခါးသော့ ခတ်ထားတဲ့အတွက် ရဲနဲ့စစ်တပ်က သော့ကိုရိုက်ဖျက်ချိုးပြီး အိမ်ထဲကပစ္စည်းတွေကို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
ဦးစိုးမြင့်ဟာ စစ်အာဏာမသိမ်းခင်က ရှောလီဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းစစ်တပ်လက်အောက်မှာ တာဝန်မထမ်းဆောင်လို တာကြောင့် တာဝန်မှ နုတ်ထွက်ထားသူဖြစ်ပါတယ်။