Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် ကုန်တင်ယာဉ်တန်းပစ်ခတ်ခံရပြီး ယာဉ်မောင်း ၁ ဦးသေဆုံး
DVB
·
April 20, 2021
175418894_10159006005167305_4002979351924282712_n
176062574_10159006007752305_6882541304513716184_n
175520559_10159006005917305_4377410256094570089_n
175516219_10159006007497305_8392390158352184913_n
175453770_10159006005262305_1592607278538254982_n

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ   အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေက  ကုန်တင်ကားတွေ ကို သေနတ်နဲ့ ပစ်ခတ်လို့  ကားမောင်းသမား ၁ ဦးသေဆုံးပြီး တချို့ ဒဏ်ရာရသွားပါတယ်။

လယ်မှီးကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာအကြား ကားလမ်းမကြီးမှာ ဧပြီ ၁၉ ရက်မနက် ၉ နာရီခွဲလောက်က အရပ်ဝတ်နဲ့ လက်နက်ကိုင် ၇ ယောက်က လမ်းမကြီးတစ်လျှောက် မောင်းလာတဲ့ ကားအကြီး ၆  စီးထဲက အရှေ့ဆုံးကား ၂ စီးကို ဘေးအနေအထားနဲ့ရော အရှေ့တည့်တည့်ကနေပါ  သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်မှုကြောင့်  အရှေ့ဆုံးကားမှ ကားသမားဆင်းပြေးရာမှာ လယ်ကွင်းထဲမှာ အပစ်ခံရပြီး မှောက်ရက်အနေအထားနဲ့သေဆုံးသွားပါတယ်။ ကျန်တစ်ယောက်ကတော့ ဗိုက်နဲ့ လက် ပေါင်မှာ သေနတ်ဒဏ်ရာရပြီး မြစ်ကြီးနားဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒုတိယကားမှ ကားသမားလည်း ခြေထောက်မှာ သေနတ်ဒဏ်ရာတချို့ရ သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024