တိုင်းရင်းသား ကိုယ်စားလှယ်များ မြစ်ကြီးနားရောက်ရှိ (ဓာတ်ပုံ)
DVB
·
November 4, 2013
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြစ်ကြီးနား မြို့ကို ဒီနေ့ ရောက်ရှိလာပါတယ်။ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ ကနေ ၆ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။
ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) ဌာနချုပ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လေးရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ ဘုံသဘောတူညီချက် ရရှိခဲ့ပြီး အဲဒီရလဒ်ကို အခု ဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့ သိရပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/MyitKyeeNarKIA03112013/]