Home
မြန်မာသတင်း
သံလွင်မြစ်အတွင်း ထိုင်းကုန်စည်လှေ ၃ စီးကို မြန်မာစစ်တပ်ကပစ်ခတ်
DVB
·
April 19, 2021
174166888_4237700322907273_8463499854056389903_n - Copy
173874729_4237700559573916_3661387659127239040_n - Copy
171766675_4237700779573894_3955678379518822649_n - Copy
174182543_4237700219573950_679947906668652235_n - Copy

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မဲ့စရိန်းမြို့နယ်ရှိ သံလွင်မြစ်ထဲမှာ ထိုင်းလူမျိုးပိုင် ကုန်တင်လှေ ၃ စီး မြန်မာစစ်တပ်ရဲ့  ပစ်ခတ်တာခံရတယ်လို့ အာဆီယံနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ဆွပ်မွေးမြို့နယ် မဲ့ဆာမ်လက်ရွာသားပိုင် ထိုင်းစက်လှေ ၃ စီးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က သူတို့ရွာနဲ့ ၂၅ ကီလိုမီတာလောက်ရှိတဲ့ အူသူးထရွာဘက်ကို ကုန်ပစ္စည်းသွားပို့အပြီး အပြန် မဲ့စရိန်းမြို့နယ် မဲ့ခုန်းအုပ်စု မဲ့တာဖန်ကျေးရွာအနီးရောက်တော့ မြန်မာစစ်တပ်က ဟိုဘက်ကမ်းကနေ လှမ်းပစ်လိုက်တာလို့  စက်လှေပိုင်ရှင် ရွာသား ၁ ဦးက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ မြန်မာတပ်ဟာ မဲ့တာဖန်ရွာနဲ့ မျက်နှာချင်းဆိုင် တာ့ကဝင်းအခြေစိုက် ခမရ ၃၄၀ ခြေမြန်တပ်ကဖြစ်ကြောင်း၊ လှေ ၃ စီးလုံးအပစ်ခံရတဲ့အနက် ၁ စင်းမှာ လှေရဲ့ ညာဘက် ဝမ်းဗိုက်ကို ဖောက်ထွက်သွားတဲ့အတွက် လှေကိုတော့ ကမ်းစပ်ထိမောင်းနှင်လာနိုင်ပြီး ထိခိုက်ဒဏ်ရာ ရသူလည်း မရှိဘူး လို့ ဆိုပါတယ်။ 

    သံလွင်မြစ်ကြောင်းရဲ့ အဆိုပါနေရာတဝိုက်မှာ မြန်မာစစ်တပ်ရှိနေတဲ့အတွက် အသွားအလာ သတိထားကြဖို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးတပ်က ဒီမတိုင်ခင်က သတိပေးခဲ့ဖူးပါတယ်။

 ကူးသန်းသွား’လာကြတဲ့လှေတွေအနေနဲ့ မြန်မာကူးတို့ဆိပ်မှာ လာရောက်သတင်းပေးဖို့ မြန်မာတပ်ဘက်ကလည်း ထုတ်ပြန်ထားပေမဲ့ ထိုင်းရွာသားတွေကတော့ သူတို့ သွားနေ တဲ့ရေလမ်းအပိုင်းဟာ ထိုင်းဧရိယာထဲမှာမို့ သတင်းမပို့ရကြောင်း၊ သူတို့လှေတွေကို ခြောက်လှန့်သတိပေးတဲ့အနေနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ လှေပိုင်ရှင်ရွာသားတွေက ပြောပါတယ်။ 

    ဆုပ်မွေးမြို့နယ် မဲ့ဆာမ်လက်ရွာရှိ သံလွင်မြစ်ကမ်းနဘေးမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြန်မာစစ်တပ်ကိုပို့ပေးဖို့ ဆန်အိတ် ၇၀၀ နဲ့ ဆီ ၅၀ ပုံးရောက်ရှိလာပြီး ကေအန်ယူတပ်က ဟန့်တားထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို ပြန်သယ်ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024