ဘုံသဘောတူညီချက် လက်မှတ်ရေးထိုးပြီ
ရွှေအောင်
·
November 2, 2013
တရုတ်-မြန်နယ်စပ် ကေအိုင်အို ဌာနချုပ်ရှိ မဒန်ခန်းမမှာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ရရှိရန်အတွက် သဘောတူ လက်မှတ်ရေးထိုးကြတာပါ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့တက်ရောက်တဲ့ လိုင်ဇာ ညီလာခံ နောက်ဆုံးနေ့ ညနေပိုင်းမှာ ဆွေးနွေးပွဲမှာ အဖွဲ့အားလုံးရဲ့ တတိုင်းပြည်လုံး အပစ်ရပ်လက်မှတ်ထိုးရေး ဘုံသဘောတူညီချက်ကို သဘောတူလက်မှတ်ရေးထိုး လိုက်ကြပါတယ်။
လိုင်ဇာမှာ သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက်ကိုအေးနိုင်ကို ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါတယ်။