DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ
DVB
·
April 16, 2021
အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ
1 / 5
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ ဧပြီ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရသစ်မှာ  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလ ၊  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့က ခေါင်းဆောင်ပါဝင်ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေအဖြစ်  ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီးဌာန) ၊ ဦးလွင်ကိုလတ် (ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊  ဦးရည်မွန်  (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာလျန်မှုန်းဆာခေါင်း (ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန)၊ ဦးတင်ထွန်းနိုင် (စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန)၊ ဒေါက်တာဝင်းမြတ်အေး (လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန) ၊ ဒေါက်တာဆာဆာ (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး (ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေါက်တာတူးခေါင် (သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန)၊ နော်ဆူဇန်နာလှလှစိုး (အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန) တို့ဖြစ်ပါတယ်။ 

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးပြီ မတ်လ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့  ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အခုလို ဖွဲ့စည်း တာဝန်‌တွေ အပ်နှင်းလိုက်တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013