အတာတော်လှန်ရေးအဖြစ် စုပေါင်းသပိတ် ချီတက်ဆန္ဒပြ
DVB
·
April 16, 2021
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးအတွက် အတာတော်လှန်ရေးအဖြစ် စုပေါင်းသပိတ် စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
စုပေါင်းသပိတ် စစ်ကြောင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါင်းစစ်သည်၊ ပညာရေးမိသားစု၊ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အထက ၇ ကျောင်းသား ကျောင်းသူဟောင်းများ၊ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း တို့ စုပေါင်းပါဝင်ကြပါတယ်။