မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်ဟောင်းနဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ်တို့ကို ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ည ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပါတယ်။
မစိုးရိမ်တိုက်ဟောင်းက ကျောင်းသား၂ ယောက်နဲ့ ဝိသုဒ္ဓါရုံတိုက်သစ်က ကျောင်းသားအများအပြား ဖမ်းဆီးခံရတယ်လို့ ကျောင်းတိုက်အတွင်း သီတင်းသုံးတဲ့ ဆရာတော် သံဃာတော်တွေဆီကနေ သိရပါတယ်။
မစိုးရိမ်တိုက်ဟောင်းနဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် အနီးမှာ မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာပါတဲ့ ဆရာတော် သံဃာတော်တွေဟာ ပရိတ်ရွတ်ဖတ်တာနဲ့ မေတ္တာပို့တာကို နေ့စဉ်လုပ်ဆောင်နေကြပါတယ်။