Home
မြန်မာသတင်း
မြစ်ကြီးနားတွင် အမျိုးသမီးသတင်းထောက် ၁ ဦးဖမ်းဆီးခံရ
DVB
·
April 14, 2021

မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်ဟောင်း မမျိုးမြတ်မြတ်ပန်ကို ဧပြီ ၁၄ ရက် ဒီညနေ ၆ နာရီလောက်က အရပ်ဝတ်နဲ့ရော ရဲတွေပါ ရောက်လာပြီး နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သူ့ရဲ့ လက်ပ်တော့ကွန်ပြူတာနဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်နဲ့ ပတ်သက်ပြီး  ဂျာနယ်ဘက်က လိုအပ်တာတွေ လိုက်ပါ ဆောင်ရွက်ပေးနေတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ် တာဝန်ရှိသူက ပြောပါတယ်။

မမျိုးမြတ်မြတ်ပန်ကို မတ်လ ၁ ရက်နေ့ကတည်းက တာဝန်မှ ရပ်နားကြောင်း ဂျာနယ်ဘက်က ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော မမျိုးမြတ်မြတ်ပန်ကို ဘယ်မှာ ဖမ်းဆီးထားတယ် ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးပါဘူး။

Photo Credit- မြစ်ကြီးနားသတင်းဂျာနယ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024