CDM လှုံ့ဆော်တယ် ၊ CRPH အားပေးထောက်ခံတယ်ဆိုပြီး ပြည်သူ့ဘက်ကရပ်တည်တဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၄ ရက်ညမှာ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ နန်းသူဇာ၊ သွင်ပပအောင် (ခိုင်ယဉ်မွန်)၊ ဖြိုးသူခ၊ ချမ်းငြိမ်းမိုး၊ ဖြူစင်သန့်၊ ထူးကျော်ဝင်း၊ နေဦးလွင်၊ မျိုးမင်းအောင်၊ နှင်းနှင်းစိုး၊ ဝင်းထိန်၊ ကျော်သူရှင်း၊ ချမ်းမြေ့ကျော်၊ စုမွန်ထွေး၊ ပြည့်ဖြိုးအောင်၊ စန်းဦးလှိုင်၊ သင်းရတနာဆင့်၊ သဒ္ဒါဇော်မင်း၊ မေသွန်းခ၊ ကောင်းစည်သူဝင်းနဲ့ နေဇော်နိုင်တို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်ကိုလည်း ပြီးခဲ့တဲ့ပိုင်းက ရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit