Home
မြန်မာသတင်း
မွန်လူငယ်အင်အားစု တော်လှန်ရေးစာစဉ် စတင်ထုတ်ဝေ
DVB
·
April 14, 2021

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်လူငယ်အင်အားစုတွေဟာ လဂွန်းအိမ်စာစဉ်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင်ထုတ်ဝေလိုက်ပါတယ်။

ဒီစာစဉ်ဟာ အင်တာနက်မရတဲ့ဒေသက ပြည်သူတွေ သတင်းအချက်လက် ပိုမိုသိရှိနိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။

ဒါအပြင် ဒီစာစဉ်ဟာ တိုင်းရင်းသားတွေရဲ့အသံနဲ့ နိုင်ငံရေးအပြောင်းအလဲကာလမှာ ပြည်သူလူထုကြီးတစ်ရပ်လုံး ပါဝင်လာဖို့ရည်ရွယ်ပြီး ထုတ်ဝေရတာလို့ ဆိုပါတယ်။

လဂွန်အိမ်စာစဉ်ကို  မွန် ဗမာ နှစ်ဘာသာနဲ့  တစ်ပတ် တစ်ကြိမ် ထုတ်ဝေသွားဖို့ စီစဉ်ထားပြီး  Facebook စာမျက်နှာမှာလည်း Lagon Eain - လဂွန်းအိမ် စာစဉ်လို့ ရိုက်ရွာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024