လျှပ်စစ်ဓာတ်အားလုပ်ငန်း ကိုရီးယား ကုမ္ပဏီ ၂ ခု လုပ်ခွင့်ရရှိ
DVB
·
November 1, 2013
ရန်ကုန် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံနဲ့ မြောက်ဒဂုံ ထားဝယ်ချောင်းအမှိုက်ပုံတွေကနေ ဒေါ်လာ သန်း ၁၈၀ ကနေ ၂၃၀ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူမယ့်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကိုရီးယား ကုမ္ပဏီ ၂ ခုက ရသွားပြီလို့ ရန်ကုန်စည်ပင် သန့်ရှင်းရေးဌာနမှူး ဦးသန်းလွင်ဦးက ပြောပါတယ်။
BOD စနစ်နဲ့ လုပ်မယ့် အဲဒီလုပ်ငန်း၊ ထိန်ပင်အမှိုက်ပုံကို ကိုရီးယား ချေဆွန် (Chasson) နိုင်ငံတကာကုမ္ပဏီ၊ ထားဝယ်ချောင်အမှိုက်ပုံကို ကိုရီးယား ဟွန်ဒိုင်း (HONDI) ကုမ္ပဏီနဲ့ မြန်မာ ဇေယျ ဖက်စပ်ကုမ္ပဏီတို့ လုပ်ကိုင်ခွင့်ရသွားတာ ဖြစ်ပါတယ်။
ဒီ ကုမ္ပဏီတွေက အကောင်အထည်ဖော်လို့ ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားတွေကို ရန်ကုန်စည်ပင်က ၁ ယူနစ် ကျပ် ၁၅၀ နှုန်းနဲ့ ပြန်ဝယ်ယူပြီး စက်မှုဇုန်တွေကို ပြန်ဖြန့်ဖြူးမယ်လို့ ဦးသန်းလွင်ဦးက ရှင်းပြပါတယ်။