နိုင်ငံရေးလွတ်ငြိမ်းခွင့်ဥပဒေကြမ်း ထိုင်းအောက်လွှတ်တော် အတည်ပြု

ဒီလွတ်ြငိမ်းချမ်းသာခွင့် ဥပေဒကို မေန့က ကန့်ကွက်ေနြကစဉ် (ဓာတ်ပုံ - အေအကျဖျပီ)
ထိုင်းနိုင်ငံမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။ အတိုက်အခံဘက်ကဆိုရင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ပြည်တော်ပြန် ၀င်ခွင့် ပြုထားတာကြောင့် အပြင်းအထန် ကန့်ကွက်နေတဲ့ ဥပဒေတရပ်လည်း ဖြစ်ပါတယ်။ ဒီဥပဒေပြုမှုကို မနက်အစောပိုင်းမှာပဲ မဲပေးဖို့ ငြင်းဆန်သူ ၄ ယောက်ကလွဲရင် ထောက်ခံမဲ ၃၁၀၊ ကန့်ကွက်မဲ မရှိ ဥပဒေပြု လွှတ်တော်အမတ်တွေက ဆန္ဒမဲပေးခဲ့ကြတယ်လို့ လွှတ်တော်တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို ကန့်ကွက်နေကြတဲ့ အတိုက်အခံ ဒီမိုကရက်ပါတီဟာ ၁၉ နာရီ ကြာလောက် အခြေအတင် ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးနောက်မှာ ဆန္ဒမဲပေးဖို့ ငြင်းဆန်ခဲ့ကြတာလို့ အစိုးရဘက်က အမ်နွေခန်ဖာက ပြောပါတယ်။ [caption id="attachment_45773" align="alignright" width="300" caption="ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို မနေ့က ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)"][/caption] ဒီဥပဒေကို အသက်မ၀င်အောင် နောက်ထပ် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ လုပ်သွားဦးမယ်လို့ အတိုက်အခံ ဒီမိုကရက်ပါတီကလည်း ပြောပါတယ်။ အောက်တိုဘာ ၃၁ ရက်ကတော့ ထိုင်းနိုင်ငံသား ၁ သောင်းလောက်ဟာ တိုက်ခိုက်ကြလို့ စာတွေ ရေးထိုးထားတဲ့ ခေါင်းစည်းတွေနဲ့ အကျင့်ပျက်သမားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ရပ်လိုက်စတဲ့ ကြွေးကြော်သံတွေနဲ့အတူ  ဘန်ကောက်ရထား ဘူတာအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။ အတိုက်အခံ ဒီမိုကရက်ပါတီက စီစဉ်လုပ်ဆောင်တဲ့ ဒီဆန္ဒပြပွဲ အနီးအနားမှာ ရဲတပ်ဖွဲ့ဝင် ၄ ထောင်လောက်ကို လုံခြုံရေး ချထားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ၂ ရက်၊ ၃ ရက်တွေမှာ လူအင်အား ၂ ဆလောက် တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ယူဖို့ လိုနေသေးတဲ့ ဒီဥပဒေဟာ လက်နက်မဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေ အပါအ၀င် အတိတ်က မတရားပြုမှုတွေကို အပြစ်ကင်းစင်ကြောင်း ခ၀ါချပေးမယ့် ဥပဒေလည်း ဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up