တောင်ငူမြို့ ရေကြီး (သတင်းဓာတ်ပုံ)
DVB
·
November 1, 2013
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းပြီး စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထိ မြင့်တက်မှုကြောင့် တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့အတွင်းက ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ အောက်တိုဘာ ၂၈ ရက်ကစပြီး ရေအဆက်မပြတ် တက်လာတဲ့အတွက် ရေဘေးဒုက္ခသည် ထောင်နဲ့ချီပြီး ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Flood30102013/]