Home
မြန်မာသတင်း
သင်္ကြန်ပွဲတော်ဆင်နွှဲခြင်းမပြုရန် တမူးမြို့လုံခြုံရေးအဖွဲ့ မေတ္တာရပ်ခံ
DVB
·
April 13, 2021

ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးထားတဲ့ အနေနဲ့ တမူးခရိုင်အတွင်းက မိဘပြည်သူတွေ သင်္ကြန်ပွဲတော်မှာ ပါ၀င်ဆင်နွှဲခြင်းမပြုကြဖို့ တမူးမြို့လုံခြုံရေးအဖွဲ့ (Tamu Security Group-TSG)က မေတ္တာရပ်ခံထားပါတယ်။

 လက်ရှိမှာတော့ စစ်ကိုင်းတိုင်း တမူးမြို့ကို စစ်ကောင်စီက ၄၈ နာရီ မာရှယ်လော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတာဖြစ်ပြီး နာဂဘုရားကျောင်းနားမှာ စစ်ကောင်စီအ ကြမ်းဖက်တပ်တွေက ပစ်ခတ်လို့ ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး သေနတ်ကျည်ဆန်ထိ မှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန် ချက်မှာတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေရဲနဲ့ စစ်သားတွေဟာ ဧပြီ ၁၂ ရက် မနက်အစောပိုင်းကတည်းက စတင်ကာ အင်အားအလုံးအရင်း သုံးပြီး တမူးမြို့ နေရာအ နှံ့ကို ဖြန့်ကြက်ကာ ပြည်သူ တွေရဲ့ ခံတပ်တွေကို ဖြိုခွင်းတာ၊ မိုင်းတွေခွဲတာ၊ တွေ့သမျှ အရပ်သားတွေကို ဖမ်းဆီး ကြိုးချည်ထားတာ၊ သေနတ်တွေ ပစ်ဖောက်ပြီး အိမ်တွေထဲ ဝင်ကာ သံသယရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ဆို ပါတယ်။

တမူးမြို့ရှိ Grace ဆေးရုံထဲကိုလည်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး သူနာ ပြုတွေကို ရိုက်နှက်တာတွေ၊ ပစ္စည်းလုတာတွေအပြင် မက်သဒစ်ဘုရားကျောင်းဝင်း အ တွင်းကို ဝင်ရောက်ကာ ဆရာတော်နဲ့  ကျောင်ဝင်းအတွင်းရှိ ပြည်သူတွေဆီက ဖုန်း၊ ပိုက် ဆံနဲ့ ဝတ်ဆင်ထားတဲ့ ရွှေတွေကို လုယက်ယူငင်တာတွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတယောက်ရဲ့ နေအိမ်ကို ဝင်ရောက်သောင်း ကျန်းကာ ပစ္စည်းတွေကို ဖျက်ဆီးသွားခဲ့ပြီး စီးနင်း၊ ဖြိုခွင်းခဲ့ပြီး ပြည်သူတချို့ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိ တမူးမြို့လုံခြုံရေးအဖွဲ့(Tamu Security Group-TSG)ရဲ့ ထုတ်ပြန်ချက် မှာတော့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဦးညွတ်ကြောင်းနဲ့ TSG အနေနဲ့ တမူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်နေတာမို့ မိဘပြည်သူတွေ လုံ ခြုံစွာ နေထိုင်ကြဖို့ နှိုးဆေ    ာ်ထားတာကို တွေ့ရပါတယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာနိုင်ငံ မြို့ရွာအနှံ့ ပြည်သူတွေက နည်း လမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ မတရားစစ်အာဏာသိမ်းမှုကာလ ရက်ပေါင်း ၇၁ ရက်အကြာမှာ ကျဆုံးပြည်သူပေါင်း ၇၁၀ ယောက် ရှိလာနေခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024