DVB Logo
Home
မြန်မာသတင်း
ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေးပြန်ဆပ်ရမည်
DVB
·
October 30, 2013
ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေးပြန်ဆပ်ရမည်
Donate to DVB

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အနောက်ဂျာမနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။

[caption id="attachment_45702" align="alignleft" width="244" caption="Photo by www.sawkyawoo.com"][/caption]

မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို ပြန်ဆပ်ဖို့ သတ္တုတွင်း ၀န်ကြီးဌာနက တောင်းခံလာတဲ့အပေါ် မေးမြန်းရာကနေ ဒီကိစ္စ သိရှိတာလို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီ အတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။

“အစတုန်းက မဆပ်ဘူး။ အခုမှ ဘာလို့ ဆပ်တာလဲလို့ မသိလို့မေးတာ။ မေးတော့ သူတို့က အခုမှ ဆပ်ခိုင်းတာပါတဲ့။ ၅၀ ရာခိုင်နှုန်း လျှော့ပေးလိုက်တယ်ပေါ့။ ကျန်တာလေးပဲ ဆပ်ရတော့မှာပေါ့။ အတိုးက ဒီလောက်ပေါ့။ အရင်းက ဒီလောက်ပေါ့။ အခုတော့ ယူရိုငွေနဲ့ ပြန်ပြီး မတ်ငွေကို ချိန်းရတာပေါ့။ ချိန်းပြီးတော့ မြန်မာငွေနဲ့ တန်ဖိုးတွက်တာ ၂၀၃ သန်း။”

တနင်္သာရီတိုင် ထားဝယ်ခရိုင်မှာရှိတဲ့ ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက ဂျာမနီ (ယခင်အနောက်ဂျာမနီနိုင်ငံ) ဆီကနေ ဂျာမန်မတ်ငွေ (၁၇ ဒဿမ ၂၂၀) သန်း ချေးယူထားခဲ့တာပါ။

ဒီချေးငွေထဲက ၄ သန်းခွဲလောက်ကို ၁၉၇၄ ခုနှစ်မှာ ပေးဆပ်ခဲ့ပြီး ကျန်ငွေ ၁၂ သန်းခွဲလောက်ကို မြန်မာနိုင်ငံက ပြန်လည်ပေးဆပ်ဖို့ ကျန်နေတယ်လို့လည်း သတ္တုတွင်း ၀န်ကြီးဌာနက အတည်ပြုပြောပါတယ်။

ဒါပေမယ့် တင်ရှိနေတဲ့ အကြွေးထဲက ၅၀ ရာခိုင်နှုန်းကို မြီရှင်နိုင်ငံက လျှော့ပေးလိုက်ပြီးဖြစ်လို့ ကျန်တဲ့ မတ်ငွေ ၆ သန်းကျော်ကို ၁၅ နှစ် ကာလအတွင်း ပေးဆပ်ရမှာ ဖြစ်ပြီး မတ်ငွေကို ယူရိုငွေနဲ့ ပြောင်းလဲ တွက်ချက် ပေးဆပ်ရမယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနကို မေးမြန်းရာမှာတော့ ကြွေးရှိတာ မှန်ကန်သလို လျှော်ပေးထားတာရှိတဲ့အကြောင်း၊ ချေးငွေချေးယူတာကလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန အစီအစဉ်နဲ့ ရယူထားတာ ဖြစ်တဲ့အတွက် ပြန်ဆပ်ရင်လည်း ဒီဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆပ်မယ်လို့ သတ္တုတွင်းဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
၂၀၁၃ ဇန်န၀ါရီလထဲမှာ မြန်မာက ပဲရစ်ကလပ်ပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၀.၃၂၇ ဘီလီယံ ထဲကနေ ဒေါ်လာ ၆.၁၉၂ ဘီလီယံကို လျှော်ပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေး ၀န်ကြီး ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ပဲရစ်ကလပ် ဥက္ကဋ္ဌ အပါအ၀င် ကလပ်အဖွဲ့ဝင် နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ဆွေးနွေးပြီး အခုလို အကြွေးတွေ လျှော်ပေးဖို့ဆွေးနွေးနိုင်တယ်လို့ အစိုးရ သတင်းစာတွေက ကြေညာခဲ့ပါတယ်။

ပဲရစ်ကလပ်မှာ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ၊ ဩစတြီးယားနဲ့ ဂျာမနီစတဲ့ နိုင်ငံတွေနဲ့ အမြဲတမ်းအဖွဲ့ဝင် ၁၉ နိုင်ငံရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013