ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်း (ခ) မအေးသောင်း၊ ရတနာဗိုလ်နဲ့ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်တို့ အပါအဝင် ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဧပြီ ၈ ရက်ညမှာ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ ရတနာဗိုလ်၊ လှမျိုးသန့်၊ ဗြိတိသျှကိုကိုမောင် (ခ) ကျော်စွာနိုင်၊ လင်းမြင့်သိန်း၊ နွေတင်ဇာနိုင်၊ ယုအိစံ၊ စိုးဝင်းနိုင်၊ ရန်နောင်စိုး၊ မယ်မင်းဘုံ၊ မင်းသိဏ်းကျော်၊ သက်ဝင်းလှိုင်၊ ဟန်လင်း၊ ဆန်းလင်းထွန်း၊ ဝေဇင်ကိုကိုကျော်၊ အေးဝတ်ရည်သောင်း၊ နေဇော်လင်း၊ စိုင်းအောင်နိုင်၊ အောင်မြိုင်သင်း၊ ယုယုလွင်နဲ့ သက်ပိုင်စိုးတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၄၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီး မော်ဒယ်ပိုင်တံခွန်ကိုလည်း မနေ့က ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit