Home
မြန်မာသတင်း
မန္တလေးတွင် တရုတ်သမ္မတ၏ရုပ်ပုံများကို မီးရှို့ဆန္ဒပြ
DVB
·
April 8, 2021
170417776_1354286841623799_3886031305255541181_n
170354990_1354286808290469_5988196493801688370_n
171281863_1354286888290461_4135734019571763316_n
170876996_1354286744957142_6153574295030651709_n
170576549_1354286728290477_5995279678487532683_n
170535635_1354286831623800_5692810493998100574_n

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီကိုအကာအကွယ်ပေးနေတဲ့ တရုတ်နိုင်ငံကို ရှုတ်ချတဲ့အနေနဲ့ ဆန္ဒပြပြည်သူတွေက ဒီကနေ့ ဧပြီ ၈ ရက်နေ့မှာ   တရုတ်သမ္မတရဲ့ ပုံတွေကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နေ့စဉ်အမြဲချီတက်ဆန္ဒပြနေတဲ့ မန္တလေး သံဃသမဂ္ဂစစ်ကြောင်းဟာလည်း ဒီကနေ့ မွန်းလွဲပိုင်းက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေး သံဃသမဂ္ဂစစ်ကြောင်းမှာ ကျောင်းတိုက်ပေါင်းစုံက ဆရာတော် သံဃာတော်တွေအပြင် လူငယ်လူရွယ်တွေပါ ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024