DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်မှုများ ရှိနေ
DVB
·
October 30, 2013
ရန်ကုန်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်မှုများ ရှိနေ
Donate to DVB

ရန်ကုန်မြို့မှာ   အဆောက်အအုံတွေ ဆောက်လုပ်လိုသူတွေအနေနဲ့ ခွင့်ပြုချက်ရယူပြီး ဆောက်လုပ်ကြဖို့နဲ့  ခွင့်ပြုချက်ရဖို့ အထောက်အထား ခိုင်လုံရင် အချိန် ၁ လခွဲအတွင်း ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အအုံဌာနက ပြောပါတယ်။

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေ ရှိနေပြီး စည်ပင်သာယာရေးကော်မတီထံမှာ ခွင့်ပြုချက် တောင်းရာမှာလည်း ကြန့်ကြာမှုတွေ ရှိတယ်ဆို တဲ့ သတင်းတွေ ထွက်ပေါ်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာနက  ပြောခဲ့တာ ဖြစ်ပါတယ်။

ရာင်းသူနဲ့ ၀ယ်သူအချင်းချင်း ချုပ်ဆိုတဲ့အရပ်စာချုပ်နဲ့ ဆောက်လုပ်ခွင့် လျှောက်ပါက အများဆုံး ၃ ထပ်သာ ဆောက်လုပ်ခွင့်ပေးမည် ဖြစ်ပြီး ဂရန်အမည်ပေါက် ပိုင်ဆိုင်ပါက အဆောက်အဦ ဆောက်လုပ်ခွင့်ကို ၄၅ ရက်အတွင်း ဆောက်လုပ်ခွင့် ချပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဌာနမှူး ဦးမောင်မောင်ဇော်က ပြောပါတယ်။

“ဂရန်အမည်ပေါက် ပိုင်ဆိုင်ရင် သူ့ရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဘယ်နှထပ်ဖြစ်ဖြစ် ဆောက်လို့ရပါတယ်။ ရန်ကုန်မြို့မှာ များသောအားဖြင့် ပိုင်ဆိုင်မှု မြေဂရန် မမှန်တဲ့ မြေကွက်တွေ ရှိတယ်။ အရပ်စာချုပ်လို့ ခေါ်တယ်။ အရပ်စာချုပ်ဆိုရင် ၃ ထပ်အထိပဲ ဆောက်လုပ်ခွင့်ပြုပါတယ်။ မြေပိုင်ဆိုင်မှု မှန်ကန်ပါတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ကျနော်တို့ဌာနမှာ ချက်ချင်းစိစစ်ပြီးတော့ ဆောက်လုပ်ခွင့်ပြုမိန့် ထုတ်ပေးပါတယ်။ထုတ်ပေးတဲ့ကာလသည် စာရွက်စာတမ်း စုံလင်ပြီး အမှုတွဲ လက်ခံတဲ့နေ့ကစပြီး ၄၅ ရက်အတွင်း ခွင့်ပြုမိန့်ရအောင် လုပ်ပေးပါတယ်။”

ရန်ကုန်မြို့အတွင်း စိတ်ငြိမ်ရပ်ကွက်တွေကို အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခွင့် မပေးပဲ ကန့်သတ်ထားပြီး အခုဆိုရင် ရွှေတိဂုံဘုရားပတ်ဝန်းကျင် ကန့်သက်ဧရိယာအတွင်း တိရစ္ဆာန်ဥယျာဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အုံ ပတ်ဝန်းကျင်ကိုလည်း ကန့်သတ်စာရင်းမှာ ထည့်သွင်းထားပါတယ်။

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မလျှောက်ဘဲ ဆောက်လုပ်နေတဲ့ အဆောက်အအုံတွေဟာ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ အများဆုံးတွေ့ရပြီး တနေ့ကို အဆောက်အအုံ တည်ဆောက်ခွင့် ၅၀ ကျော် လာရောက်လျှောက်ထားရာမှာ၂၀ လောက်က မြေပိုင်ဆိုင်မှု မမှန်တဲ့ လျှောက်ထားမှုတွေ ရှိနေပါတယ်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ရေး ကန်ထရိုက်တာတွေက ပြည်သူတွေကို ယုံကြည်အောင် လိမ်ညာပြောဆိုပြီး  ဆောက်လုပ်မှုတွေလည်း ရှိနေတယ်လို့ ဦးမောင်မောင်ဇော်က ပြောပါတယ်။

“တိုးလာတာကတော့ ပြည်သူတွေကို ယုံကြည်အောင်ပြောပြီး ရတယ်ဆိုတော့ တိုးတိုးလာတာ ရှိတယ်။ အများဆုံးက သင်္ဃန်းကျွန်းမှာ။ ကျနော်သွားတဲ့ စက်တင်ဘာ ၁၁ ရက်မှာဆိုရင် ၅၁၂ လုံးရှိတယ်။ ခွင့်ပြုချက်မဲ့ဆောက်တာကို သိလို့ ကျနော်တို့ တရားစွဲထားတာ။ ခွင့်ပြုချက်မဲ့ဆောက်တာက ထူးခြားတာ မြို့လယ်မှာမရှိဘဲ မြို့စွန်တွေမှာပဲ ရှိတယ်။ အရှေ့ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်။”

ခွင့်ပြုချက် မယူဘဲ အဆောက်အအုံ တည်ဆောက်တဲ့ ကန်ထရိုက်တာတွေကိုပါ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူသွားဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အစီအစဉ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013