DVB Logo
Home
မြန်မာသတင်း
သတ္တုတွင်းလုံခြုံရေးစရိတ် စစ်တပ်ကို ပေးနေရတဲ့ကိစ္စ လွှတ်တော်မှာ ဆွေးနွေးမည်
DVB
·
October 29, 2013
သတ္တုတွင်းလုံခြုံရေးစရိတ် စစ်တပ်ကို ပေးနေရတဲ့ကိစ္စ လွှတ်တော်မှာ ဆွေးနွေးမည်
Donate to DVB

နိုင်ငံပိုင် သတ္တုတွင်းတွေရဲ့ လုံခြုံရေးအတွက် လာရောက် လုံခြုံရေးယူပေးတဲ့ တပ်မတော် တပ်ရင်းနဲ့ တပ်ဖွဲ့တွေအတွက် ၀န်ကြီးဌာနက ကျပ်ငွေ သန်းချီ ကုန်ကျစရိတ် ခံပေးနေရတဲ့ ကိစ္စကို လွှတ်တော်မှာ တင်ပြဆွေးနွေးမယ်လို့ သတ္တုနဲ့ သံယံဇာတရေးရာကော်မတီက ပြောပါတယ်။

မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)အစိုးရလက်ထက်ကတည်းက ခု ချိန်ထိ သတ္တုတွင်းဝန်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာန ၆ ခုအတွက် လုံခြုံရေးပေးနေတဲ့ တပ်ရင်း ၁၆ ခုအတွက် ကုန်ကျစရိတ်ကို မျှခံနေရတဲ့ကိစ္စဟာ မသင့်လျော်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးမယ်လို့ လွှတ်တော် သတ္တုနဲ့ သံယံဇာတ ရေးရာကော်မတီက ဦးလှဆွေက ပြောပါတယ်။

အစိုးရ အသုံးစရိတ်ကိစ္စနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနကို ကော်မတီက ကြားနာရာမှာ အခုလို သိရှိလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လွှတ်တော် သတ္တုနဲ့ သံယံဇာတ ရေးရာကော်မတီက ဦးလှဆွေ က “ကာကွယ်ရေးဆို ကာကွယ်ရေးစရိတ်ခံပေါ့ဗျာ။ ဒီကျောက်မြတ် မိုင်းတွင်းတွေကို လာပြီး လုံခြုံရေးပေးရတဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တပ်ရင်းတွေအတွက် ကုန်ကျစရိတ်ကို ခံရမယ်လို့ ဒီလိုမျိုး ဆိုရှယ်လစ်ခေတ်ကတည်းက သတ်မှတ်ခဲ့တာဗျ။ ကြာတော့ကြာပြီ။ ဒါပေမယ့် အခုခေတ်မှာတော့ ကာကွယ်ရေးကို ကာကွယ်ရေးပဲထားရင် ကောင်းမယ်လို့ ကျနော်တို့ ဆွေးနွေးဖို့ရှိတယ်။”လို့ ပြောသွားပါတယ်။

ဖားကန့်နဲ့ မိုင်းရှုးဒေသတွေမှာ လုံခြုံရေး ယူပေးရတဲ့ ခလရ ၁၀၅နဲ့ ၇၄ အပါအ၀င် တပ်ရင်း ၆ ရင်းအတွက် သတ္တုတွင်းဝန်ကြီးဌာနက စရိတ် ပေးဆောင်နေရတာ ဖြစ်ပြီး လုံခြုံရေး စရိတ် ငွေပမာဏ ဘယ်လောက် ပေးရတယ်ဆိုတာကိုတော့ သူက ပြောဆိုခြင်း မရှိပါဘူး။

လုံခြုံရေးပေးရတဲ့ တပ်ရင်းတွေအတွက် ကုန်ကျစရိတ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ပဲ ဖြစ်သင့်တဲ့အကြောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်အောက်မှာ ကျခံဖို့ ပြောင်းသင့်၊ မသင့် လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ လည်း ဦးလှဆွေကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သတ္တုတွင်းဝန်ကြီးဌာနတွေကတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013