ညောင်ရွှေမြို့တွင် စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးကျဆုံး
DVB
·
April 7, 2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့မှာ ဧပြီ ၆ ရက် ည ၁၀ နာရီလောက်က စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ ပြည်သူ ၁ ယောက်ကျဆုံးပြီး အနည်းဆုံး ၁၀ ယောက်ကျော် ဒဏ်ရာရပါတယ်။
နန္ဒဝန်ရပ်ကွက်က စားသောက်ဆိုင်ကို သံပုံးတီးလို့ ဆိုပြီး ရဲနဲ့စစ်သားတွေက လာရောက်ဆဲဆိုတာကို ရပ်ကွက်သားတွေက ဝိုင်းလိုက်တာကြောင့် စစ်သားနဲ့ရဲအင်အား ၅၀ ကျော်ရောက်လာပြီး ပစ်ခတ်ကြတာပါ။
စက်သေနတ်လို ဆက်တိုက်ပစ်သံတချို့ကိုလည်း ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးတော့ ရပ်ကွက်တချို့ကိုလည်း မီးဖြတ်ထားတယ်လို့ဆိုပါတယ်။ အသေးစိတ် အခြေအနေကိုတော့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။