Home
မြန်မာသတင်း
တရုတ်ကုန်သည်များက မြန်မာဖရဲသီးများကို စျေးနှိမ်ဝယ်
DVB
·
April 7, 2021
170138400_1207504156371978_6671196617640797608_n
170026902_1207505163038544_1409064438582716487_n
170026902_1207505023038558_4960714748722213585_n
169994835_1207504079705319_2113790848773835282_n
169971462_1207505323038528_8599587066499721026_n
169922524_1207504196371974_2130265327522194636_n
169905326_1207505243038536_8553933988951596660_n
169901906_1207504029705324_3253635807612041722_n
169885479_1207504673038593_803156809815151759_n
169632320_1207505089705218_4842161434295068221_n
169625232_1207504126371981_5095592823649243396_n
169573793_1207505053038555_6703529161060267677_n
169551361_1207504736371920_305430649268307464_n

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ကနေ တရုတ်နယ်စပ်လွယ်ဂျယ်မြို့မှတဆင့် တရုတ်နိုင်ငံကို မြန်မာဘက်က ရာသီပေါ် ဖရဲသီးတွေ တင်ပို့ရောင်းချနေရာမှာ  ဖရဲမျိုးကောင်းအရည် အသွေးကောင်းတွေကို တရုတ်ကုန်သည်တွေက စျေးနှိမ်ဝယ်ယူနေတယ်လို့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝန်းက သိရပါတယ်။

ဒါ့အပြင် အရည်သွေးအနည်းငယ်ညံ့တဲ့  မြန်မာဖရဲသီးတွေလည်း အခုအချိန်မှာ ရောင်းရ ခက်နေတယ်လို့ သိရပါတယ်။

အရင် သီတင်း နှစ်ပတ်လောက်က  ဖရဲသီးတင်  ၁၂ ဘီးကားတစ်စီးကို တရုတ်ငွေ ကျပ် ၅၀၀၀၀ ကျော်လောက်ရပြီး အခုအချိန်မှာ ဖရဲမျိုးကောင်းဆိုရင် တရုတ်ငွေ ၃၀၀၀၀ နဲ့ အလတ်စားဆိုရင် ၂၀၀၀၀  ရရှိကာ   ရက်ကြာတဲ့ကားဆိုရင်တော့ ၁၀၀၀၀ လောက်သာရကြလို့  တချို့ကားတွေဆို ကားခလောက်သာရရှိတော့တယ်လို့ သိရပါတယ်။

လတ်လော ရွှေလီဘက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မနေ့ကအထိ   အယောက်  ၂၀ ကျော်လောက် ပြန်တွေ့ရှိတာကြောင့် နယ်စပ်အဝင်အထွက်တွေကို  တရုတ်ဘက်က စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်ထားတာ ဖြစ်ပါတယ်။

အသွားလာ ပိတ်ပင်ထားတဲ့ ကာလ  ၃ ပတ်လောက် ကြာမြင့်နိုင်တယ်လို့ တရုတ်ပြည်ဘက်က ကုန်သည်တစ်ဦးက ခန့်မှန်းပြောပါတယ်။

လွယ်ဂျယ်မြို့ရှိ နယ်စပ်ဂိတ်ပေါက်မှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေကြောင့် ကုန်တင်ကားတန်းတွေတန်းစီကာ ရက်အနည်းငယ်စောင့်ဆိုင်းနေရတာကြောင့် လမ်းခရီး ကြန့်ကြာမှုတွေရှိနေပါတယ်။

ရက်ကြာလာတာနဲ့အမျှ ကားခတွေလည်း  တက်နိုင်ဖွယ်ရှိပြီး ဈေးကောင်းမရလို့ တောင်သူတွေလည်း နစ်နာမှုရှိနေတယ်လို့  ဒေသခံဖရဲ စိုက်တောင်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024