Home
အနုပညာ
ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် အေသင်ချိုဆွေအပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်
DVB
·
April 6, 2021
ei
image_2021-04-06_183153
atc3
ctw2

ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် အေသင်ချိုဆွေ၊ သရုပ်ဆောင်နဲ့ မော်ဒယ် မြနှင်းရည်လွင်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အိသဥ္ဇာမောင် အပါအဝင် ပြည်သူဘက်ကရပ်တည်ကူညီပေးနေတဲ့ လူပုဂ္ဂိုလ် နောက်ထပ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဒီနေ့ ဧပြီ ၆ ရက်မှာ ထပ်မံ ကြေညာပါတယ်။

အမှုဖွင့်ခံရသူတွေကတော့ အေသင်ချိုဆွေ၊ မြနှင်းရည်လွင်၊ ချစ်သုဝေ၊ ဝင်းမင်းသန်း၊ ဖြိုးအောင်၊ စံလင်း၊ ခင်မြတ်မြတ်နိုင်၊ အိသဥ္ဇာမောင်၊ ပိုပို ၊ မိုးနီလွင်၊ စင်ကာပူနိုင်ငံနေ သာမိုး(ခ) ကိုမိုး၊ ဖူးကျော်ဇင်၊ နီလာထိုက်၊ နန္ဒချော၊ အောင်ကျော်စံ၊ ဇွဲရင့်ထူး၊ သန့်ဇင်ထိုက်၊ နိုင်ဇေမင်း၊ ဒေါက်တာကျော်ကိုကိုဟိန်းနဲ့ နေသူဝင်း (ဇာမဏီ ပုဂံ) တို့ ဖြစ်ကြပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေဟာ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့ ဆိုပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၀၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် လူရွှင်တော် ဇာဂနာ (ခ) ဦးသူရကိုလည်း ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၆ လမ်းထဲမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဧပြီ ၆ ရက် ဒီနေ့ မနက်ပိုင်းက ရဲနဲ့စစ်တပ်က စစ်ကား ၂ စီးနဲ့ ရောက်ရှိလာပြီး လာရောက်ဖမ်းဆီးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024