ဇရပ်ကွင်းကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်နှင့်ရဲက ဝင်ရှာ၊ ၅ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
April 6, 2021
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာမှာ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေပြီး ၅ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတွေဖြစ်ပြီး သတင်းရတဲ့ နေအိမ်တိုင်းကို ဝင်ရောက်ရှာဖွေတာလို့ ဇရပ်ကွင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအနီးက ကားလမ်းကိုလည်း မနက်ခင်းကတည်းက ပိတ်ထားတဲ့အတွက် ကားတွေ ပိတ်ဆို့နေတယ်လို့ သိရပါတယ်။