Home
မြန်မာသတင်း
ရန်ကုန်သူနာပြုတက္ကသိုလ်က ကျောင်းသူ ၁ ဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး
DVB
·
April 6, 2021
167452216_1349095455461593_6497344194783627137_n

စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်း ဓမ္မာရုံမှာ  Medical Cover အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ရန်ကုန်သူနာပြုတက္ကသိုလ်က ကျောင်းသူတစ်ယောက်ကို  မနေ့ နေ့လယ် ၂ နာရီကျော်လောက်က   အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

ရန်ကုန်သူနာပြုတက္ကသိုလ်က 19th Batch က မခင်စုစုထွန်းအပြင် ကျောင်းသူတွေကို မတရားသဖြင့် ဖမ်းဆီးခေါ်ဆောင်တာကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် မခင်စုစုထွန်းအပါအဝင် ဖမ်းဆီးထားတဲ့ တခြား အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရမှာဖြစ်ပြီး အမြန်ဆုံး ပြန်လွတ်ရေး ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024