DVB Logo
Home
မြန်မာသတင်း
ဗုံးခွဲတိုက်ခိုက်မှု အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် ကေအန်ယူ ဖွဲ့စည်း
DVB
·
October 29, 2013
ဗုံးခွဲတိုက်ခိုက်မှု အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် ကေအန်ယူ ဖွဲ့စည်း
Donate to DVB

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွနဲ့ ကေအန်ယူအဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဘားအံခရိုင် တပ်မဟာ ၇ ဌာနချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က အရေးပေါ် အစည်းအဝေးခေါ်ယူ ကျင်းပကာ ဆွးနွေးကြပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

စာနာမှုကင်းတဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာလို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းရေးကော်မရှင်မှာ ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောရောဂျာခင်က တာဝန်ယူမှာ ဖြစ်ပြီး၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး စောဖောဒို၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ဗိုလ်မှူး စောတာမလာသော၊ ပဒိုစောအောင်မော်အေးနဲ့ ပဒို စော အယ်လ်ကလူစေးတို့ ၇ ဦးပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ကေအန်ယူရဲ့ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး စောဖောဒိုက ပြောပါတယ်။

“လောလောဆယ်တော့ သတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဟာတွေ မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာတွေကို သေသေချာချာကိုင်တွယ်သွားပြီးမှ သတင်းထုတ်ပြန်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။”

ခုလဆန်းပိုင်းက ရန်ကုန်၊ မန္တလေးနဲ့ တောင်ငူအပါအ၀င် မြန်မာနိုင်ငံအနှံအပြားမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီ ဗုံးပါက်ကွဲမှုတွေဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ကျောထောက်နောက်ခံ စီးပွားရေးသမားတဦးဖြစ်တဲ့ နေတိုး (ခ) စောရွှေထူးရဲ့ လက်ချက်ဖြစ်တယ်လို့ မြန်မာအစိုးရက ထုတ်ဖော် ပြောကြားထားတာ ဖြစ်ပါတယ်။

ကေအန်ယူအနေနဲ့ ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှာ မဟုတ်ဘဲ ဒီလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်းနဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေမှာ ဓားစာခံဖြစ်ရသူတွေနဲ့ မိသားစုတွေအတွက် ကေအန်ယူက အထူးဝမ်းနည်း ကြေကွဲရကြောင်း ကေအန်ယူထုတ်ပြန်ချက်မှာပါ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013