ကချင်ပြည်နယ်ရှိ ရှမ်းများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုစစ်တမ်း ကောက်ယူ

ကချင်ပြည်နယ်ထဲက ရှမ်းမျိုးနွယ်စုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ သိရဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်ဆီကို ဆက်လက် တင်ပြဖို့ စစ်တမ်းကောက်ယူ နေပါတယ်။ ကချင်ပြည်နယ်ထဲမှာရှိတဲ့ ရှမ်းတိုင်းရင်းသားကျေးရွာတွေမှာ  လက်နက်ကိုင်တပ်ဖွဲ့ဝင် တွေရဲ့ ဆက်ကြေးကောက်၊ အဓမ္မ စစ်သားစုဆောင်း၊ အမျိုးသမီးတွေ မတရားကျင့်ခံရတာနဲ့ နှိပ်စက်ညှင်းပန်းခံရတာတွေ ရှိနေတဲ့အတွက် အများပြည်သူနဲ့တကွ  နိုင်ငံတကာ လူ့အခွင့် အရေး ကော်မရှင်ကပါ သိရှိရအောင် ကချင်ပြည်နယ်က  ရွာပေါင်း ၈၀၀ ကျော်မှာ အချက် အလက်တွေ ကောက်ယူသွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။ သူတို့အခွင့်အရေး ချိုးဖောက်ခံလာရတာဟာ နှစ်ပေါင်း ၅၀ နီးပါး ရှိခဲ့ပြီဆိုပေမယ့် အရင်က ခုလို ဖွင့်ဟပြောဆိုဖို့ အခွင့်အရေး မရှိခဲ့ကြောင်း၊ အခု သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာတဲ့အတွက် ထုတ်ဖော် ပြောဆိုလာနိုင်တာ ဖြစ်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အမှုဆောင်တဦးဖြစ်သူ ဦးစိုင်းတင်မြင့်က ခုလိုပြောပါတယ်။ Read more

More News
Up