မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ စစ်ရှောင် ပြည်သူတွေအတွက် စားရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဧပြီလ ၄ ရက်နေ့မှာ AAC ဂေဟာ (မဟာချိုင်) မှတဆင့် KNU ဗဟိုဌာနချုပ်က စစ်ရှောင်ပြည်သူတွေဆီ ဒုတိယအကြိမ် ပို့ဆောင်ပေးခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့တပ်နဲ့ တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေပါဝင်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဒေသခံရွာသူရွာသား ၁၀၀၀၀ နီးပါး ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။