လွတ်လပ်ရေးမော်ကွန်းဝင်တွေကို လစဉ် ချီးမြှင့်ငွေ တိုးပေးဖို့ မရှိသေး

လက်ရှိ လွတ်လပ်ရေးမော်ကွန်းဝင်တွေကို လစဉ် ချီးမြှင့်ပေးနေတဲ့ ပထမအဆင့် ၁ လ ကျပ် ၇၅၀၊ ဒုတိယအဆင့် ၁ လ ၃၇၅ ကျပ် ကို လောလောဆယ် တိုးမြှင့်ပေးဖို့ မရှိကြောင်း၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်လာချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သမ္မတက လမ်းညွှန်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို စာရေးသားပေးပို့ အကြောင်းပြန် ပါတယ်။ လွတ်လပ်ရေးမော်ကွန်းဝင်တွေကို ၁၉၈၀ ခုနှစ်က တလုံးတခဲတည်း ချီးမြှင့်ငွေအဖြစ် ပထမအဆင့် ၁ လ ၃ သောင်း ကျပ်၊ ဒုတိယအဆင့် ၁ လ ၁ သောင်း ၅ ထောင် ချီးမြှင့်ခဲ့ကြောင်း၊ လစဉ် ချီးမြှင့်ငွေအဖြစ် ပထမအဆင့် ၆၀၀ ကျပ်၊ ဒုတိယအဆင့် ၃၀၀ ကျပ် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း အဆိုပါ အချိန်က ရွှေဈေးနှုန်းဟာ ၁ ကျပ်သား ကျပ် ၆ ထောင်ကနေ ၇ ထောင် အကြားသာ ရှိကြောင်း၊ ၁၉၉၃ ခုနှစ်အရောက်မှာ ပထမအဆင့်ကို ၁ လ ၇၅၀ ကျပ်၊ ဒုတိယ အဆင့်ကို ၃၇၅ ကျပ် တိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးရဲ့ ရှင်းလင်းစာမှာ ဖော်ပြထားပါတယ်။ Read more

More News
Up