DVB Logo
Home
သတင်းတို
တရုတ်ချေးငွေနဲ့ ဆောက်မယ့် ဂက်စ်တာဘိုင် ရခိုင်မှာ ဆောက်ဖို့ ဒေသခံတွေ တောင်းဆို
DVB
·
October 29, 2013
Donate to DVB

တရုတ်နိုင်ငံ EXIM ဘဏ်က ချေးငွေ ဒေါ်လာ ၅၇ သန်းနဲ့ ဆောင်ရွက်မယ့် သဘာဝဓာတ်ငွေ့သုံး စက်ရုံတည်ဆောက်ရေးစီမံကိန်းကို ရခိုင်ပြည်နယ်မှာ တည်ဆောက်ပေးဖို့ ရခိုင်ဒေသခံတွေက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကို ၀ိုင်းဝန်း တင်ပြ တောင်းဆိုလိုက်တယ်လို့ လျှပ်စစ်ဝန်ထမ်းဟောင်း ကျောက်ဖြူဒေသခံ ဦးဖိုးစံက ဒီဗွီဘီ ကို ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကျောက်ဖြူကို ရောက်စဉ် ဒေသခံတွေ ၀ိုင်းဝန်းတင်ပြတာ ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ဒီကိစ္စ အတည်ပြုပြီးသား စီမံကိန်းဖြစ်လို့ စိတ်မပူကြဖို့ ပြောဆိုခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ဒီ မဂ္ဂါဝပ် ၅၀ ထွက်မယ့် ဂက်စ်တာဘိုင်စီမံကိန်းကို နဂိုက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ
တည်ဆောက်ဖို့ လျာထားပေမယ့် မွန်ပြည်နယ်မှာ အခြား လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတွေ ရှိနေပြီဖြစ်လို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ရွှေ့ပြောင်း တည်ဆောက်ဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့ အကြောင်းကြားခဲ့ပါတယ်။

ဒီအစီအစဉ်ကို မွန်ပြည်နယ် ရေးမြို့နယ် ရွေးကောက်ခံ အမတ် ဒေါက်တာ ဗညားအောင်မိုး က ကန့်ကွက်ခဲ့တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်မှာ စိုးရိမ်ပြီး သမ္မတ သ၀ဏ်လွှာကို ဆိုင်းငံ့ထားခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013