DVB Logo
Home
သတင်းတို
မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှု များပြား
DVB
·
October 29, 2013
မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှု များပြား
Donate to DVB

မြန်မာနိုင်ငံမှာ မော်တော်ကားနဲ့ ဆိုင်ကယ်အရေအတွက် ၃ သန်း ၇ သိန်း ကျော် ရှိလာပြီး ယာဉ်မတော်တဆမှုကြောင့် အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်တွေ လမ်းပေါ် သေဆုံးမှုဟာ ကမ္ဘာ့အဆင့် နံပါတ် (၁) နေရာရောက်နေတယ်လို့ ချောက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းလွင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အောက်တိုဘာ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

ဒါတင်မက ယာဉ်အန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု ကမ္ဘာ့အဆင့် နံပါတ် ၉ ဖြစ်နေတာကြောင့် အဲဒီ ကိစ္စ ဘယ်လို ဖြေရှင်းနေသလဲလို့ သူက မေးခွန်းထုတ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကတော့ ဥပဒေအရ ယာဉ်မောင်းလိုင်စင်တွေ ထုတ်ပေးနေတယ်။ ၁၉၆၄ မော်တော်ယာဉ်ဥပဒေကို ပြင်ဖို့ ကြိုးစားနေတယ်။ ယာဉ်ထိန်းရဲတွေ တိုးမြှင့်ချထားနေတယ်ဆိုပြီး အဖြေပေးခဲ့ပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးရဲ့ ဖြေကြားချက်တွေအရ မြန်မာနိုင်ငံမှာ ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးထားသူ ၁ သန်းခွဲလောက်ပဲ ရှိပေမယ့် ဆိုင်ကယ်စီးရေကတော့ စုစုပေါင်း ၃ သန်း ၃ သိန်းကျော် ရှိနေတာကြောင့် တ၀က်ကျော်ဟာ လိုင်စင်မရှိပဲ မောင်းနှင်နေတဲ့ သဘော ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013