DVB Logo
Home
သတင်းတို
တရားမ၀င် ဘီယာပုလင်းခွံ ဖမ်းဆီးရမှု ကျပ် ၃၆၀၀ သိန်းကျော်
DVB
·
October 29, 2013
တရားမ၀င် ဘီယာပုလင်းခွံ ဖမ်းဆီးရမှု ကျပ် ၃၆၀၀ သိန်းကျော်
Donate to DVB

မိုဘိုင်းမ်တင်းမ် (Mobile Team) တွေနဲ့ ၁၀ လအတွင်း အကောက်ခွန်မဲ့ ကုန်ပစ္စည်း ဖမ်းဆီးရမိမှုမှာ တံဆိပ်မျိုးစုံ ဘီယာပုလင်း ၉ သိန်းနီးပါးနဲ့ ဘီယာချန် ပုလင်းခွံအရည်အတွက် ၁ သန်းကျော် ပါဝင်တာကြောင့် ဖမ်းမိ ကုန်ပစ္စည်းတွေအနက် တန်ဖိုး အများဆုံးဖြစ်တယ်လို့ ရန်ကုန် မိုဘိုင်းမ်တင်း အဖွဲ့ဝင်တယောက်က ပြောပါတယ်။

လက်ရှိ ကုန်သွယ်မှု မူဝါဒအရ ပြည်တွင်းကို နိုင်ငံခြားဘီယာနဲ့ အရက်တွေ တရားဝင် တင်သွင်းခွင့် မရှိတာကြောင့် အကောက်ခွန်မဲ့ မှောင်ခို တင်သွင်းမှု များတာ ဖြစ်တယ်လို့ သူက ပြောပြပါတယ်။

ဘီယာချန် ပုလင်းခွံ ၁ သန်းကျော်ကိုတော့ ရန်ကုန် ဆိပ်ကမ်းနယ်မြေကနေ ဖမ်းဆီးရမိတာ ဖြစ်ပြီး ဘီယာအတုလုပ်တာနဲ့ အခြား အရက်ပုလင်းတွေအဖြစ် အသုံးပြုတာ ဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဘီယာပုလင်းမျိုးစုံနဲ့ ပုလင်းခွံ ဖမ်းဆီးရမိမှု တန်ဖိုး စုစုပေါင်း ကျပ်သိန်း ၃၆၀၀ ကျော်ဖိုး ရှိမယ်လို့ ခန့်မှန်းထား ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013