Home
မြန်မာသတင်း
တမူးကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်၊ မီးသတ်စခန်း ပြည်သူများသိမ်း
DVB
·
April 4, 2021
168932288_1571971419674514_7367997743796148934_n
168864888_1571971213007868_1262410772433844391_n
167958580_1571971319674524_5619627757496714543_n
167803797_1571971389674517_2755946915061997333_n
167485268_1571971149674541_2178603409927469733_n
166998108_1571971253007864_8988307089623870990_n
166343108_1571971289674527_8742637654121342712_n
166008138_1571971353007854_4958862277448939470_n
165737616_1571971179674538_944568222413860865_n
166832725_1571942593010730_9212860042765740670_n

စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ ဧပြီလ ၃ ရက်နေ့ ညဦးပိုင်းက စစ်ကောင်စီတပ်တွေရဲ့ ကင်းစခန်းနှစ်ခုနဲ့ တံတားတစ်စင်း မီးလောင်ခဲ့ပြီး နယ်မြေမီးသတ်စခန်းကို ပြည်သူတွေက သဲအိတ်တွေနဲ့ပိတ်ကာ သိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

တံတားအမှတ် ၁၄ ရှိ ရဲကင်းတဲနှင့် နန်းဖာလုံဘုရားကျောင်းပေါက် စစ်တပ်ကင်းစခန်းတို့ မီးလောင်ခဲ့သလို တမူး-နန်းဖာလုံကို ဆက်သွယ်ထားတဲ့ ချောင်းနက်ကြီး မြို့မ ၁၄ သံဘောင်ဘေလီသစ်သားတံတား မီးလောင်ပျက်စီးခဲ့ပါတယ်။ 

မီးလောင်တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် မြို့မ ၁၃ နန်းဖာလုံဈေးအနီးက နယ်မြေမီးသတ်စခန်းကိုလည်း သဲအိတ်တွေနဲ့ပိတ်ဆို့ကာ ပြည်သူတွေက သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဧပြီ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ အမည်မသိဆိုင်ကယ်စီးလာသူတွေက မအဲကုန်စုံဆိုင်အနီး ချောင်းနက်ကြီးတံတားနားမှာ စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တန်းကို လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာနဲ့ ထုပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်တွေဘက်ကလည်း သေနတ်ပစ်ဖောက်တာ၊ ဗုံးနဲ့ထုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီဖြစ်စဉ်တွေကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။  ဒါ့အပြင် မြို့မ ၁၄ ရပ်ကွက်က လူနေအိမ်တစ်လုံးလည်း မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ယာယီတပ်စွဲထားတဲ့ မြို့မ ၁၄ က နန်းဖာလုံနယ်မြေ ၁၃ မီးသတ်စခန်းကို CDM လုပ်နေတဲ့ ရဲတပ်သားတစ်ဦးပါဝင်တဲ့အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က လူ ၅ ဦးသေဆုံးခဲ့ပြီး သွားရောက်တိုက်ခိုက်တဲ့ဘက်က CDM ရဲတစ်ဦး ကျဆုံးခဲ့ပါသေးတယ်။

တမူးမြို့မှာ မတ်လနောက်ဆုံးပတ်အတွင်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

အဲဒီ‌ဖြစ်စဉ်နောက်နေ့မှာလည်း ချောင်းနက်ကြီးရဲကင်းစခန်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်လို့ စစ်ကောင်စီရဲနှစ်ဦးထက်မနည်း သေဆုံးကာ ရဲတချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သေးတယ်လို့ တမူးဒေသခံတွေက DVB ကို ပြောဆိုထားပါတယ်။

ဓာတ်ပုံ - Facebook

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024