DVB Logo
Home
မြန်မာသတင်း
ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
October 29, 2013
ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
Donate to DVB

အီတလီနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်နဲ့ ရောမမြို့တော်အတွင်းရှိ ဗာတီကန်မှာ အောက်တိုဘာ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က တိုင်းပြည်အတွင်း ဘာသာမတူသူတွေအကြား အပြန်အလှန် ဆွေးနွေးနိုင်ဖို့အတွက် ဆုတောင်းပေးတယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ဗာတီကန်ရဲ့ ပြောခွင့်ရ ဖီဒါရီကို လွန်ဘာဒီ (Federico Lombardi)က ပြောပါတယ်။

ဗာတီကန်ဘုရားကျောင်းကလည်း မြန်မာနိုင်ငံသားတွေကို မခွဲခြားဘဲ ၀တ်ပြု ဆုတောင်းတာတွေ ပြုလုပ်နေတဲ့ အကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတခုအဖြစ် တည်ဆောက်နိုင်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တဲ့အကြောင်း သတင်းတွေမှာ ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားအရေး၊ ဘာသာရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ပြောဆိုမှုမရှိဘူးဆိုပြီး ဝေဖန်ခံနေရတဲ့ အချိန်မှာ ပုပ်ရဟန်း မင်းကြီးနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

အီတလီခရီးစဉ်မှာ အီတလီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီမိုကရေစီအခွင့်အရေးတွေနဲ့ အညီ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြောင်းလဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၂ ရက်နေ မှာတော့ သူရဲ့ ဥရောပခရီးစဉ်ကို အဆုံးသတ်ပြီး အီတလီကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013