ဘုတလင်မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် ဇော်နိုင်ထူးဟာ မတ်လ ၃၁ ရက်နေ့ တံခါးပိတ်အမီ CDM မှာ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးညင်းမြို့ ဇာတိ ဒုရဲအုပ် ဇော်ထူးနိုင်ဟာ လက်ရှိ လုံခြုံတဲ့နေရာရောက်ရှိမှ ဧပြီ ၂ ရက်နေ့က ဗန်းမော်လူမူကွန်ရက်မှာ တင်ခဲ့တာတာလို့ ဆိုပါတယ်။
“ကျနော်သည် ပြည်သူချစ်သော ရဲတပ်ဖွဲ့ဝင်သာဖြစ်လိုပြီး ပြည်သူကိုသတ်သော ရဲမဖြစ်လိုပါ။ ထို့အတွက် စစ်အာဏာရှင်လက်အောက်အမှုမထမ်းလို၍ ပြည်သူနှင့်အတူ CDM လှုပ်ရှားမှုမှာ ပါဝင်ရခြင်းဖြစ်ပါသည်။ ကျနော်သည် ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်းမဟုတ်ပါ။ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ရဲပြစ်မှုကျးလွန်ခြင်း၊ အထက်အရာရှိများအား မထိမဲ့မြင် စော်ကားခြင်းမဟုတ်ပါ။ ရဲတပ်ဖွဲ့နှင့်ပတ်သက်သည့် လက်နက်ခဲယမ်းများ ယူဆောင်သွားခြင်းမရှိကြောင်း တင်ပြအပ်ပါသည်” လို့ ဒုရဲအုပ်ဇော်ထူးနိုင်က ရေးသားထားပါတယ်။
ဗန်းမော်မြို့နယ်မှာ CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေကို ဦးစားပေးအကြောင်းအရာအလိုက် ပြည်သူတွေက လစာချီးမြှင့်ငွေတွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ မပါဝင်ဘဲ စစ်အာဏာရှင်လက်အောက်မှာ အမှုထမ်းနေတဲ့ဝန်ထမ်းတွေကိုတော့ ဗန်းမော်ဒေသခံတွေက သစွာဖောက်လောက်ကောင်များအဖြစ် သတ်မှတ်ပြီး ဆနွထုတ်ဖော်နေကြပါတယ်။