DVB Logo
Home
မြန်မာသတင်း
စစ်ပွဲကြားက ရင်းနှီးမြှုပ်မှုအစီရင်ခံစာ ထွက်ရှိ
DVB
·
October 29, 2013
စစ်ပွဲကြားက ရင်းနှီးမြှုပ်မှုအစီရင်ခံစာ ထွက်ရှိ
Donate to DVB

မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခစစ်ပွဲများအတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတကာမြန်မာ့သတင်း(ဘီအန်အိုင်)က ရန်ကုန်မြို့ Myanmar Media Library အောက်တိုဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး လုပ်နေဆဲကာလမှာ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေနဲ့ အကြီးစား စက်မှုစီးပွားစီမံကိန်းတွေဟာ တိုင်းရင်းသားဒေသတွေမှာ ပိုမိုများပြားလာသလို ဒီကိစ္စတွေနဲ့ ဆက်စပ်ပြီး တဖက်မှာ မြေယာသိမ်းဆည်းမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကြောင့် ပဋိပက္ခတွေ ပြန်ဖြစ်လာတဲ့ လေ့လာတွေ့ရှိချက်တွေကို ဒီအစီရင်ခံစာမှာ တင်ပြထားတာ ဖြစ်ပါတယ်။

အပြောင်းအလဲကာလအတွင်း လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခြေအနေများ ဆက်စပ်နေမှုတွေကို အချက်အလက်စုံအောင် စုစည်းတင်ပြကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးအတွက် တဖက်တလမ်းက အထောက်အကူပြုရန် ရည်ရွယ်ထုတ်ဝေတာ ဖြစ်တယ်လို့ ဘီအန်အိုင်က ဖွံ့ဖြိုးတိုးတက်ရေး အရာရှိ နန်းဖောဂေက ပြောပါတယ်။

“အစီရင်ခံစာထဲက တောင်းဆိုထားတဲ့ အနေအထားမျိုး မရှိဘူး။ ဘာလို့လဲဆိုတော့ ကျမတို့ ဘီအန်အိုင်က မီဒီယာအဖွဲ့တွေ စုပေါင်းထားတဲ့ ကွန်ယက်တခုဆိုတော့ တစုံတရာ တက်ကြွလှုပ်ရှားသူတွေလိုမျိုး တောင်းဆိုမှုတွေဘာတွေ လုပ်လို့မရဘူးလေ။ သတင်းအချက်အလက်တွေ ဒေတာတွေ ဆက်သွယ်မေးမြန်းချက် လေ့လာတွေ့ရှိချက်တွေကို စုဆောင်းဖော်ပြထားတဲ့ သဘောမျိုးပဲပြောရမယ်။ တောင်းဆိုချက်တွေတော့ မဟုတ်ဘူး”

တိုင်းရင်းသားဒေသများရှိ သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်အာဏာများနဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ တရားဝင် ဆက်လက်ရပ်တည်ရေး၊ လူမှုစီးပွားရေးတွင် တရားမျှတမှုမရှိတဲ့ လေ့လာတွေ့ရှိချက် တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာမြန်မာ့သတင်း(ဘီအန်အိုင်)ကို ပြည်ပအခြေစိုက် တိုင်းရင်းသားသတင်းဌာန တွေကို အခြေခံပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013