DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေ၏ ၂၆ ရာခိုင်နှုန်း ဆင်းရဲမွဲတေ
DVB
·
October 29, 2013
မြန်မာ့လူဦးရေ၏ ၂၆ ရာခိုင်နှုန်း ဆင်းရဲမွဲတေ
Donate to DVB

မြန်မာပြည်လူဦးရေ သန်း ၆၀ ရဲ့ ၂၆ ရာခိုင်နှုန်းသော ပြည်သူတွေဟာ တနေ့ လုပ်အားခ အမေရိကန် ၂ ဒေါ်လာအောက် ရရှိနေပြီး ဆင်းရဲမွဲတေသူ အများစုဟာ တောင်သူလယ်သမားတွေ ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းက ပြောပါတယ်။
ကုလသမဂ္ဂက ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်ပြီး တိုင်းတာရာမှာ လူတဦးရဲ့တနေ့ လုပ်အားခ ၀င်ငွေ အမေရိကန် ၂ ဒေါ်လာနှုန်းနဲ့ သတ်မှတ်ပါတယ်။

ဆင်းရဲမွဲတေသူ ၂၆ ရာခိုင်နှုန်းထဲမှာ လယ်ယာလုပ်ကိုင်နေတဲ့သူတွေက ရာခိုင်နှုန်း အများဆုံး ပါဝင်နေတာဖြစ်ပြီး ဒီစာရင်းကိုလဲ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ကျေးလက်ဒေသအနှံ့ aကာက်ယူထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အစိုးရအနေနဲ့ ၂၆ ရာခိုင်နှုန်းရှိတဲ့ ဆင်းရဲမွဲတေနေတဲ့လူဦးရေကို လာမယ့် ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ်ကျရင် ၁၆ ရာခိုင်နှုန်းအထိ လျော့ချဖို့အတွက် ရည်မှန်းထားတယ်ဆိုပေမယ့် လက်တွေ့မှာတော့ အစိုးရဲ့ လုပ်ဆောင်ချက်တွေက အားနည်းမှုတွေရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ကျေးလက်ဒေသတွေမှာ တကယ်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရအနေနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုနေပုံကို ဒေါက်တာစိုးထွန်းက အခုလို ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“ကျေးလက်ဒေသမှာ တကယ်လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်သေးဘူး။ လက်ရှိ သွားတဲ့ ပြုပြင်ပြောင်းလဲရေးတွေက လက်တွေ့အရ အကောင်အထည်ဖော်မှု အားနည်းနေတယ်။ လယ်ယာကဏ္ဍနဲ့ ပတ်သက်ရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြတဲ့အထဲမှာတင် နေပြည်တော်တ၀ိုက်တော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်သော်လည်းပဲ တိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့ လယ်ယာမြေ ၁၅ သန်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်တာ မတွေ့ရသေးဘူး။ အစိုးရပိုင်းအနေနဲ့ ဒါကိုလည်း အာရုံစိုက်ပြီး လက်တွေ့ကျကျအကောင်အထည်ဖော်ဖို့ လိုတာပေါ့။”

စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက ဆင်းရဲမွဲတေမှုကို လျော့ချတဲ့ နေရာမှာ လယ်ယာကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လယ်ယာမြေကဏ္ဍအပေါ် ပြုပြင်ပြောင်းလဲမှု ကိုအောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့အတွက် ဒီနိုင်ငံတွေရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)နဲ့အတူ လူတဦးချင်းစီရဲ့ နေ့စဉ် လုပ်အားခ၀င်ငွေကလဲ နှစ်စဉ် ပျမ်းမျှ ၆ ရာခိုင်နှုန်းအထက် တိုးတက်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။
--

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013