စစ်အာဏာသိမ်းပြီးနောက် အကြောင်းကြောင်းကြောင့် နေရပ်ကနေ တိမ်းရှောင်နေသူတွေအနေနဲ့ ကိုယ့်နေရပ်ကို ပြန်လာနိုင်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာလိုရင် ပြစ်မှုကျူးလွန်ထားသူတွေမှအပ ဥပဒေအရ အရေးယူမှု မရှိဘဲ ပြန်လာဖို့ စီစဉ်နေလို့ ပြန်လာဖို့ ဖိတ်ခေါ်တယ်လို့ ကြေညာတာဖြစ်ပါတယ်။
နေရပ်ပြန်လာလိုသူတွေအနေနဲ့ နီးစပ်ရာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးကောင်စီ အဖွဲ့တွေနဲ့ ပြည်ပကနေ ပြန်လာလိုသူတွေဟာ သံရုံး၊ စစ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီနောက် ဆန္ဒပြသူတွေအပါအဝင် အရပ်သားတွေကို စစ်ကောင်စီရဲ့ လက်ပါးစေတွေက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာတာ ကြောင့် CDM ဝင် ရဲတွေအပါအဝင် ကျောင်းသားလူငယ်တွေဟာ ထွက်ပြေး တိမ်းရှောင်ရတာတွေ ရှိလာပါတယ်။