ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ဘရာဘွမ်မြို့နယ်၊ ဒရူခကျေးရွာနားမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ ၁ ရက် နေ့လယ် ၂နာရီခွဲလောက်မှာ ကေအိုင်အေ တပ်မဟာ ၁ ၊ အမှတ် ၁၀ တပ်ရင်းတပ်ဖွဲတွေစစ်အာဏာသိမ်းအကြမ်းဖက်တပ်ဖွဲ့ ခလရ ၁၃၈ တပ်စခန်းရှိရာ ဒရူခကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများခဲ့တယ်လို့ ကေအိုင်အေ စစ်သတင်းအရ သိရပါတယ်။
စစ်ကောင်စီတပ်တွေက အနီးနားက ကျေးရွာနေအိမ်တွေကို အမြောက်ကျည်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်တစ်လုံးပျက်စီးပြီး အမျိုးသမီး တစ်ဦးရဲ့ လက်မှာ ကျည်ထိမှန် အရိုးကျိုး ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာတာဝန်ခံကိုလည်း စစ်တပ်က စစ်စခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။