မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာ မတ်လ ၂၇ ရက်နေ့က စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ပြည်သူ ၈ ယောက် ရှိခဲ့ရာမှာ ၁ ယောက် ရဲ့ အလောင်းကို ယနေ့အထိပြန်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီနေ့မှာပဲ ပြည်သူ ၁၀ ယောက်ကျော် အဖမ်းခံထားရပြီး ဒဏ်ရာရသူကလည်း ၁၀ ယောက်ကျော်လောက် ရှိခဲ့တာပါ။
ဒဏ်ရာရသူတွေကို ဆေးကုသဖို့ မန္တလေးကိုပို့ဆောင်ရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက တားဆီးပြီး လူနာတွေကို စစ်ဆေးရုံကိုပို့လိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ဆေးရုံကို့ပို့ထားတဲ့ လူနာတွေကိုလည်း စစ်ကောင်စီကနေ ပုဒ်မတပ်တရားစွဲထားတယ်လို့ လူနာရဲ့မိသားစုဝင်တစ်ဦးဆီကနေ သိရပါတယ်။